တုတ်ကြီး ထီဂဏန်းပေး ဝဘ်ဆိုက်

ThaiMyanmar များ ထိုင်း-thai နိုင်ငံမှာ အလုပ်အကိုင်အဆင်ပြေစေဖို့ လုံးဝမလုပ်သင့်တဲ့အရာ 10 ချက်

ThaiMyanmar

ThaiMyanmar များ ထိုင်း-thai မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေထိုင်ရမှာဖြစ်ပါတယ် 
ထိုင်းရောက်မြန်မာများအနေနဲ့ ဒီအချက်တွေကို လိုက်နာမယ်ပြီး နေထိုင်မယ်ဆိုရင်  အလုပ်ကိုင်တွေပိုမိုအဆင်ပြေလာပါလိမ့်မယ် 

ဒီနေ့မျှဝေပေးချင်တာကတော့ ထိုင်းနိုင်ငံမှာနေမယ်ဆိုရင် လုံးဝမလုပ်သင့်တဲ့ အရာ 10 ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်

(1) ပထမဆုံးအချက်အနေနဲ့ ထိုင်းနိုင်ငံမှာနေမယ်ဆိုရင် အရေးအကြီးဆုံးအချက်က ထိုင်းဘုရင်နဲ့တော်ဝင်မိသားစုတွေက ဩဇာအာဏာအရှိဆုံးဖြစ်တာမို့ ထိုင်းဘုရင်နဲ့တော်ဝင်မိသားစုတွေနဲ့ပတ်သက်ပြီး မကောင်းပြောခြင်း မထီမဲ့မြင်ပြုခြင်းများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်   တကယ်လို့ သင်ကပြုလုပ်ခဲ့မယ်ဆိုရင် ထိုင်းလူမျိူးတွေရဲ့ အရေးယူခြင်းကိုခံရမှာဖြစ်ပါတယ်

(2)နံပါတ် 2ချက်အနေနဲ့ ထိုင်းနိုင်ငံနေမယ်ဆိုရင် ထိုင်းဘတ် ထိုင်းအကြွေစေ့တွေကို ခြေထောက်ဖြင့်နင်းခြင်းကိုရှောင်ကြဉ်ရမှာပါဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း ထိုင်းပိုက်ဆံ ထိုင်းအကြွေစေ့တွေမှာ ထိုင်းဘုရင်ပုံနဲ့ ရိုက်နိပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ထိုင်းပြည်သူပြည်သားတွေက ရိုရိုသေသေကိုင်တွယ်ကြပါတယ်  တကယ်လို့သင်ကပြုလုပ်ခဲ့မယ်ဆိုရင် ထိုင်းပြည်သူပြည်သားတွေရဲ့အရေးယူခြင်းကိုခံရမှာဖြစ်ပါတယ်

(3)နံပါတ် 3အချက်အနေနဲ့ လက်ညိုးထိုးပြီးပြောခြင်းကို တတ်နိုင်သလောက်ရှောင်စေချင်ပါတယ်  ထိုင်းလူမျိူးအများစုက လက်ညိုးထိုးပြီးပြောတာကိုမနှစ်သက်ကြပါဘူး  ဘာဖြစ်လို့လဲဆိုတော့ အာဏာနဲ့ခိုင်းသလိုမျိူးသဘောသက်ရောက်တဲ့အတွက်ကြောင့် ထိုင်းလူမျိူးအများစုက မနှစ်သက်ကြပါဘူး   ဒီအချက်ကိုလဲသတိထားစေချင်ပါတယ် 

(4)စားသောက်ဆိုင်မှာပဲ့ဖြစ်ဖြစ် စားစရာမှာဖို့ စားပွဲထိုးခေါ်တဲ့အခါမျိူးမှာ လေချွန်ပြီးခေါ်တာမျိူးလုံးဝ မလုပ်သင့်ပါဘူး  တဖက်လူအပေါ် မယဉ်ကျေးရာကျတာမို့ ထိုင်းလူမျိူးအများစုက မနှစ်သက်ကြပါဘူး  ထိုင်းလူမျိူးမှမဟုတ်ပါဘူး မြန်မာလူမျိူးတွေလဲမနှစ်သက်ကြပါဘူး  အဲ့တာကြောင့် ဒီအချက်လေးကိုလဲသတိထားသင့်ပါတယ်

(5)ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုအရ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုတွေ့တဲ့အခါ ဆဝပ်ဒီဆိုပြီး လက်အုပ်လေးချီပြီးပြောရပါတယ်  တကယ်လို့သင်ကအဲ့လိုအပြုမူမျိူးပုံမှန်လုပ်မယ်ဆိုရင် တဖက်လူက သင့်ကိုသဘောကျလာမှာဖြစ်ပါတယ်  (ကိုယ့်ထက်ငယ်တဲ့သူဆိုရင်တော့ လုပ်စရာမလိုပါဘူး) အဲ့ကြောင့် ဒီအချက်လေးကိုလဲမဖြစ်မနေလုပ်ဖို့ မမေ့ပါနဲ့န်ော

ThaiMyanmar

(6)ထိုင်းလူမျိူးတွေက သူတို့ရဲ့ခေါင်းကို ကိုင်တာမျိူးကိုမကြိုက်ကြပါဘူး (ထိုင်းလူမျိူးမှမဟုတ်ပါဘူး မြန်မာမှာလဲအဲ့လိုမျိူးမလုပ်သင့်ပါဘူးန်ော)  အဲ့ဒါကြောင့် ဘယ်လောက်ပဲ့ရင်းနှီးရင်းနှီး ဘယ်လောက်ပဲ့ခင်ခင် ခေါင်းကိုင်ပြီး စနောက်တာမျိူးမလုပ်ဖို့ သတိထားသင့်ပါတယ် 

(7) ဘီယာအရက်တွေဝယ်တဲ့အခါမှာ ထိုင်းနိုင်ငံရဲ့ Seven/Elven Store မှာတွေဆိုရင်  24 နာရီဖွင့်ပေမယ့် အရက်ဘီယာရောင်းတဲ့အချိန်ကို ကန့်သတ်ထားပါတယ်  ဉပမာ- နေ့လည် 11 နာရီကနေပြီးတော့ 2နာရီအထိ (သို့) ညနေ 5နာရီကနေ 12 ထိပဲ့သတ်မှတ်ထားပါတယ်  မနက်ပိုင်းမှာသင်ကသွားဝယ်ခဲ့မယ်ဆိုရင်သင့်ကိုရောင်းပေးမှာမဟုတ်ပါဘူး 

(8)နံပါတ် (8)အချက်ကတော့ ဆိုင်ကယ်စီးတဲ့အခါမှာပဲ့ဖြစ်ဖြစ် ကားဂိတ်မှာပဲ့ဖြစ်ဖြစ် ရထားစီးတဲ့အခါမှာပဲ့ဖြစ်ဖြစ်  စျေးဝယ်တဲ့အခါမှာပဲ့ဖြစ်ဖြစ်တန်းစီတဲ့စနစ်ကိုကျင့်သုံးရမှာဖြစ်ပါတယ်  တန်းစီတဲ့အခါမှာလဲ  အလှည့်မကျော်ကြဖို့ပါ အလှည့်ကျော်ခြင်းကို သူတို့လူမျိူးတွေကမကြိုက်ကြပါဘူး (ထိုင်းမှာပဲ့ဖြစ်ဖြစ် တခြားနိုင်ငံတွေမှာပဲ့ဖြစ်ဖြစ်)   တကယ်လို့ သင်ကအလှည့်ကျော်ခဲ့မယ်ဆိုရင် သတိပေးတာပဲ့ဖြစ်ဖြစ် အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခြင်းကိုပဲ့ဖြစ်ဖြစ်ခံရမှာဖြစ်ပါတယ် 

(9)လူအများရှိတဲ့နေရာမှာ ဖုန်းပြောတဲ့အခါမှာ အတတ်နိုင်ဆုံးအသံကျယ်ကျယ်မပြောပါနဲ့  အသံကျယ်ကျယ်ပြောတဲ့အခါမှာ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအတွက်အနှောက်အယှက်ဖြစ်စေပါတယ်  တကယ်လို့ သင်ကအသံကျယ်ကျယ်နဲ့ဖုန်းပြောမယ်ဆိုရင် သင့်ကိုအထင်သေးကြပါလိမ့်မယ် 

(10) နောက်ဆုံးအချက်အနေနဲ့  ထိုင်းလူမျိူးအများစုကကွမ်းမစားကြပါဘူး ကွမ်းစားတာက ပါးစပ်ကို ညစ်ပတ်စေတယ်လို့ သူတို့ယူဆပါတယ် တကယ်လို့ သင်က ကွမ်းစားတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုရင် ထိုင်းလူမျိူးတွေရဲ့ရှေ့မှာ မစားကြဖို့ အကြံပေးပါတယ် ကွမ်းတံတွေးကိုလဲ ပလက်ဖောင်းတွေ လမ်းမတွေပေါ်မှာမထွေးကြဖို့လဲ သတိထားသင့်ပါတယ်   တကယ်လို့ သင်ကပြုလုပ်ခဲ့မယ်ဆိုရင် ဒဏ်ငွေအရိုက်ခံရမှာဖြစ်ပါတယ် 

ThaiMyanmar