ကစ်ကစ်လို့ခေါ်ကြတဲ့ သရုပ်ဆောင် Wutt Hmone Shwe Yi ဟာ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့
ပရိတ်သတ်တွေရဲ့ချစ်ခင်မှုကိုအပြည့်ဝရရှိထားတဲ့အပြင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတလက်ဖြစ်ပါတယ်
သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ လှပတဲ့ရုပ်ရည်အပြင် အကယ်ဒမီဆုကြီးနှစ်ခုထိဆွတ်ခူးထားနိုင်တဲ့အထိအနုပညာအရည်သွေးလဲပြည့်ဝသူလေးဖြစ်ပါတယ်
အနုပညာအလုပ်တွေရပ်နားထားတာတောင် ပရိတ်သတ်တွေဆီက အားပေးမပျက် ချစ်ခင်မှုကိုရနေသူလေးဆိုရင်လဲမမှားပါဘူးန်ော
အသက်အရွယ်အားဖြင့် လက်ထပ်မယ့်အရွယ်ရောက်နေပေမယ့်လဲ သူမအချစ်ရေးနဲ့ပတ်သက်ပြီး
သတင်းတစ်ခုမှမထွက်လောက်တဲ့အထိ သိုသိုသိပ်သိပ်နေတတ်သူဖြစ်တာကြောင့်
ပရိတ်သတ်တွေက သရုပ်ဆောင်ဝတ်မှုံရွှေရည်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမသိရှိခဲ့တာဖြစ်ပါတယ်
ဒါပေမယ့် ယနေ့ညမှာတော့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က လက်ထပ်ခွင့်တောင်းခံရတဲ့ ပုံလေးတွေနဲ့တကွ
” I said Yes” ဆိုပြီး instagram ကနေတဆင့် ချစ်သူဆီကလက်ထပ်ခွင့်တောင်းခံရကြောင်း အသိပေးလာတာပဲ့ဖြစ်ပါတယ်
ဝတ်မှုန်ရွှေရည် ရဲ့ လက်ထပ် ခွင့်တောင်းခံလိုက်ရတဲ့ ဓါတ်ပုံတွေနဲ့အတူ
မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ်တာကြောင့် ပရိတ်သတ်တွေအားလုံးကလဲ အံသြတကြီးဖြစ်ခဲ့ရပါတယ်
သရုပ်ဆောင်ဝတ်မှုံရွှေရည်ဟာ မကြာသေးခင်ကာလက ဖြေထားတဲ့ Interview တွေမှာဆိုရင်လဲ
အချစ်ရေးနဲ့ပတ်သက်ပြီး တစွန်းတစတောင်ပြောကြားထားခြင်းမရှိခဲ့တာကြောင့်
ဒီနှစ်သီတင်းကျွတ်မှာလဲ ဝတ်မှုံရွှေရည်ကတော့ စွံလောက်မှာမဟုတ်ဘူးလို့ ထင်ထားခဲ့ကြပေးမယ့်
ဒီနေ့ညမှာတော့ ဝတ်မှုံရွှေရည် ပရိတ်သတ်ကြီးကို Suprise တိုက်လိုက်ပြီပဲ့ဖြစ်ပါတယ်
သူမရဲ့လက်ထပ်ခွင့်တောင်းခံရတဲ့သတင်းဟာ ပရိတ်သတ်တွေကြားညတွင်းချင်းပျံ့နှံသွားပြီး
အားကျတဲ့မှတ်ချက်တွေနဲ့ Social Media ပေါ်အမျိူးအမျိူး မှတ်ချက်တွေပေးနေကြပါတယ်
ဝတ်မှုံရွှေရည်ရဲ့ ခင်ပွန်းလောင်းဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတိအကျဖော်ပြထားခြင်းမရှိပေမယ့်
အနုပညာညီအစ်မများဖြစ်ကြတဲ့ မိုးစက်ဝိုင်အကိုအရင်းဖြစ်သူ ကိုနိုင်ဖြိုးဇော်ဖြစ်တယ် လို့လဲသိရှိရပါတယ်
ကိုနိုင်ဖြိုးဇော်ဟာ V V အချိူရည်စက်ရုံပိုင်ရှင် ဖြစ်တဲ့အပြင် Seven Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ Myanmar Media Seven တို့ရဲ့ Co-Founder လဲဖြစ်ပြီး စီးပွားရေးလောကမှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်
သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းကတော့ လွန့်ခဲ့တဲ့ 2 နှစ်လောက်ကတည်းက သတင်းသက်သေတွေထွက်ခဲ့တာဖြစ်ပါတယ်
တရားဝင်ချပြီးတွဲခဲ့ခြင်းမရှိပေမယ့် အနုပညာအသိုင်းဝိုင်းများကြားမှာတော့ မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ပါတယ်
နှစ်ယောက်လုံးဟာ ရုပ်ရည်ချောမောရုံသာမက ငွေကြေးပါကြွယ်ဝကြတာကြောင့်
နေနဲ့လ ရွှေနဲ့မြလို့လိုက်ဖက်ကြသူလေးတွေလဲဖြစ်ပါတယ်
ပရိတ်သတ်တွေကြားမှ သူတို့နှစ်ဉီးရဲ့Romatic ဆန်ဆန် လက်ထပ်ခွင့်တောင်းမှုဟာ
အတော်လေးကို Popular ဖြစ်နေပြီး နှမြောနေကြသူတွေလဲရှိသလို
နှမြောနေကြသူတွေလဲရှိသလို လက်ထပ်သင့်တဲ့အသက်အရွယ်ရောက်နေပြီမို့
လက်ထပ်သင့်ကြောင်း ဂုဏ်ပြုကြောင်းCaptiton အမျိူးမျိူးနဲ့ လူမှုကွန်ယက်မှာရေးသားထားကြပါတယ်